Wednesday, June 26, 2013

ဟာသလေးများ-၁

 စကားပြောဖော် အလွန်ကပ်စေးနှဲသူတစ်ဦးကို ဇနီးဖြစ်သူမှပြောလိုက်သည်။ 
A: ငွေကစကားပြောတယ် ဆိုတာ တကယ်ပဲ လားဟင် ကိုကို။ 
B:သိပ်ဟုတ်တာပေါ့ မိန်းမရယ်။ 
A; ဒါဆိုကိုကို အပြင်သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်းနေရတာပျင်းလွန်းလို့                   စကားပြောဖော်အဖြစ် နည်းနည်းလောက်ပေးထားခဲ့စမ်းပါ။ 
ပထ၀ီဆရာသည် ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။ အာဂျင်တီးနား နိုင်ငံဘယ်နားမှာရှိလဲကွ။ ဟုတ်ကဲ့။ ပထ၀ီ စာအုပ်ရဲ. စာမျက်နှာ ၄၃ မှာရှိပါတယ်ဆရာ။ ………………………. 
 
 မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆကင်ာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။ ကိုင်း…ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြေသးဘူး။ ကျွန်တော်က စာမတတ်ဘူး ဆရာရဲ့။ ………………………..
 
 တရားခံရှေ့နေ- ဟိုဥစ္စာ ခင်ဗျားရဲ့ကား မဟုတ်လား။
 တရားလို – ရှေ့နေကြီး မေးခွန်းတွေကိုဖြေရင်း ဖြေရင်းနဲ့ ကျွန်တော့်မှာ ကားတစ်စီးပိုင်တယ်လို့တောင် သိပ်မထငငတော့ပါဘူး။ ………………………..
 
လူတစ်ယောက်သည် သူ၏ချစ်သူအတွက် မွေးနေ့လက်ဆောအင်ဖြစ် စိန်လက်စွပ်တစ်ကွင်းပေးလိုက်ရာ
A:.. ဟယ် .. လှလိုက်တာ ကိုကိုရယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အပတ်တုန်းက မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေခဲသေတ္တာ ၀ယ်ပေးမယ်လို့ ပြောခဲ့ပြီးတော့။။။ B:ကိုယ်သိပါတယ်ကွာ။ ဒါပေမယ့် ရေခဲသေတ္တာအတုက ဘယ်ဆိုင်မှာမှ မရဘူးကွာ။ ………………………..