Saturday, December 14, 2013

သံဓိဋ္ဌာန်


 
ကမ်းဘေးခြုံလေး ငါဖြစ်သေးလည်း
ဘာကြောင်.သစ်ပင်ဖြစ်ချင်နည်း။

သေးသွယ်လမ်းလေး ငါဖြစ်သေးလည်း
ဘာကြောင်.လမ်း,မ ဖြစ်ချင်နည်း။

မိုးပေါ်ကြယ်လေး ငါဖြစ်သေးလည်း
ဘာကြောင်.နေမင်းဖြစ်ချင်နည်း။

မဖြစ်နိုင်တာ မှန်းရော်ကာရမ်း
ဘာကြောင်.စိတ်ဆင်းရဲနေနည်း။

ကမ်းဘေးခြုံပုတ် အမှန်ဟုတ်လည်း
အစိမ်းလန်းဆုံးဖြစ်ရမည်။

နောက်ဖေးလမ်းစုတ် အမှန်ဟုတ်လည်း
စံပြလမ်းကျဉ်းဖြစ်ရမည်။

ကြယ်ပွင်.မှိတ်တုတ် အမှန်ဟုတ်လည်း
အတောက်ပဆုံးဖြစ်ရမည်။

ငါကျွမ်းကျင်ရာ ပိုင်နိုင်ရာတွင်
ငါအတော်ဆုံးဖြစ်ရမည်။

အနော်ရထာရဲ.ကဗျာပါဗျို.။