Friday, December 6, 2013

စိတ်​​လေခြင်း(သု​သေသနစာတမ်းငယ်​)


ယခုအချိန်​တွင်​လူငယ်​များသာမကလူကြီးများပါစိတ်​​လေကြသည်​စိတ်​​လေခြင်း၏အဓိကအ​ကြောင်းအရင်းမှာအချိန်​အားလွန်းခြင်းပင်​ဖြစ်​သည်​။ဒေါသဖြစ်​​နေတတ်​ခြင်း၊ပွစိပွစိ​ပြောဆိုခြင်း၊အတင်းအဖျင်း​ပြောဆိုစွပ်​စွဲခြင်းစသည်​တို့သည်​စိတ်​​လေခြင်း၏လက္ခဏာများပင်​ဖြစ်​သည်​။ငှင်းကိုကုစားရန်​အတွက်​အလုပ်​တစ်​ခု​ပေးထားရန်​လိုအပ်​လှသည်​။စိတ်​​လေသူများသည်​အမြဲတမ်းအား​နေသူများဖြစ်​၍ငှင်းတို့သည်​အစဉ်​​တွေး​ခေါ်​နေကြသည်​။"ငါ့ကိုဂရုမစိုက်​ဘူး"  "အိမ်​မှာငါကအ​ရေးမပါဘူး"   "ငါဒီ​လောက်​လုပ်​​ပေး​နေတာကိုအသိအမှတ်​မပြုဘူး"  "တခြားလူကိုဘဲဂရုစိုက်​​နေတယ်​"စသည်​ဖြင့်​​တွေးကြသည်​။ကြာရှည်​စွာစိတ်​​လေ​နေသူများသည်​​ကြောင်​သွားတတ်​ကြသည်​။အထူးသဖြင်းသင့်​ပတ်​၀န်းကျင်​တွင်​စိတ်​​လေရန်​အ​ခြေအ​နေရှိသူရှိ​နေပါကအလုပ်​ရှုပ်​​အောင်​လုပ်​​ပေးလိုက်​ဖို့လိုသည်​။အင်​တာနက်​အသုံးပြု​စေခြင်း၊စာအုပ်​များဖတ်​​စေခြင်း၊အ​သေးစားကိစ္စများပြု​စေခြင်းဖြင့်​အလုပ်​ရှုပ်​​စေနိုင်​သည်​။စိတ်​​လေသူသည်​အပြင်​သို့ထွက်​ကာမိတ်​​ဆွေများနှင့်​စကား​ပြောရန်​သွားလျှင်​မတားပါနှင့်​။"ငါ့လွတ်​လပ်​ခွင့်​ကိုဖျက်​ဆီးတယ်​"ဟုယူဆတတ်​ကြပါသည်​။အမျိုးသမီးများအတင်းအဖျင်း​ပြောခြင်းသည်​လည်းစိတ်​​လေခြင်းတွင်​ပါဝင်​ပါသည်​။နောက်​ပိုင်း​လေ့လာချက်​များအရအမျိုးသားကြီးများပင်​လျှင်​အတင်း​ပြောလာကြသည်​ကို​တွေ့ရပါသည်​။ထိုသို့အတင်​၍းအဖျင်းများတွင်​သင့်​အ​ကြောင်းများပင်​ပါနိုင်​ပါသည်​။"ငါဒီ​လောက်​လုပ်​​ပေး​နေတာကိုအတင်း​ပြော​သေးတယ်​"  "အပြစ်​မရှိအပြစ်​ရှာတယ်​"ဟူ၍လူငယ်​အများစုစိတ်​တွင်​ဖြစ်​လာကာအသက်​ကြီးသူမိခင်​ဖခင်​ကြီးများနှင့်​အဆင်​မ​ပြေမှုများ​တွေ့နိုင်​ပါသည်​။ထိုသို့မဖြစ်​​အောင်​စိတ်​ကိုဂရုစိုက်​ပါ။တစ်​ခါတစ်​ရံသင်​ကိုယ်​တိုင်​ပင်​သတိမထားမိဘဲစိတ်​​လေ​နေတတ်​ပါသည်​။သင့်​တွင်​အလုပ်​အား​နေလျှင်​အလုပ်​တစ်​ခုခုကိုရှာကြံပြီးစိတ်​မ​လေ​အောင်​ဂရုစိုက်​ပါ။